About Me

I lead a ministry called “Bawathit Elim Myanmar”. After being saved in the Philippines then attended bible school. I Graduated with Master of Arts in Christian Leadership from Manila, Philippines.

Right after I finished my study. I went back to Myanmar with a heart to reach out the lost people here in Myanmar. At first I didn’t know how to start or where to start. But I remember that God gave me a miracle of being able to speak in English so miraculously so I started English Speaking Classes. Then I had some young people getting saved then the story continues.

Our Church was started as a fellowship and then in 2007, we started as a Church in Yangon.

God has given us 8 different churches. We only plant a Church where there are no christians yet. It has be hard but God has been Good!!

Robinkung
Robinkung6 hours ago
Reformed Evangelical Church in Myanmar အမှုတော်ဆောင်များ သင်တန်းမှာ သွားရောက်ပါဝင်ခွင့်ရလို့ ကျေးဇူးတော်ချီးမွမ်းပါတယ်။

ပါဝင်ဖို့ ဖိတ်ခေါ်ပေးတဲ့ Saya David Vunga ကို အထူးကျေးဇူးတင်ပါတယ်။ Saya က သမီးတွေတက်တဲ့ Destiny Academy ရဲ့ပိုင်ရှင်လည်းဖြစ်ပြီး ကျောင်းစရိတ်တွေလည်း အမြဲတမ်းလျော့ပေးတဲ့ လေးစားရတဲ့ ဆရာကြီးပါ။
Robinkung
Robinkung17 hours ago
ဘုရားစကားသင့်နှလုံးသားထဲမှာ မသိုရင်
လောက စကားသင့်နှလုံးသားထဲမှာ ရှိနေမှာက သေချာလို့ ..
ဘုရားစကားကို သိုဖို့ အတတ်နိုင်ဆုံးကြိုးစားပါ။

စာတန်က ကျမ်းစာကို ကြောက်တာမဟုတ်ပါ
ကျမ်းစာကို သိ၊ယုံပြီးလျှောက်တဲ့သူကိုတော့ သူကြောက်တယ်။

ဘုရားစကားနှလုံးသားထဲမှာ သိုဖို့
အချိန်ယူ၊ အချိန်ပေးပါ။

အမြဲမှတ်ထားဖို့က
မြက်ပင်ဆိုတော မစိုက်လည်းပေါက်တယ်။
မြတ်ပင်က မစိုက်ဘဲ မပေါက်ဘူး။
အားစိုက်ရတယ်၊ အချိန်စိုက်ရတယ်၊ အာရုံစိုက်ရတယ်။

နှုတ်ကပတ်တော်က အားမှ ဖတ်ရ၊လေ့လာရတာမဟုတ် အားအောင်လုပ်ပြီး ဖတ်ရ၊လေ့လာရတာပါ။

“ကိုယ်​တော်​ကို မ​ပြစ်​မှား​ဘဲ နေ​နိုင်​မည်​အ​ကြောင်း၊ ဗျာ​ဒိတ်​တော်​ကို နှ​လုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။” ဆာလံ‬ ‭119‬:‭11‬ ‭

ဘုရားကောင်းကြီးပေးပါစေ။
Robinkung
Robinkung1 Day ago
အသက်ရှင်သော အသွေးတော်
Music Band – Bawathit Worship Team
Vocals — William Chit, Esther Win Tin, Yin Yin Win, Tin Zar Lin
Lyrics – Robin Kung
Music — Saw Khu Sel + Saw Win Paing
Video and Edit : Kyaw Soe Han + Naw Eh Htoo Phaw
Live Shooting at Bawathit Yangon
Released on September 27,2026.
Robinkung
Robinkung
Robinkung2 days ago
Kannlet
Robinkung
Robinkung
Robinkung2 days ago
ခံစားချက်နဲ့ မသွားပါနဲ့။ စည်းကမ်းနဲ့ သွားပါ။ ဘဝမှာ အရေးကြီးတဲ့အရာတွေကို ခံစားချက်အပေါ်ပဲ မူတည်ပြီး ဆုံးဖြတ်လို့ မရပါဘူး။

စိတ်ပါမှ လုပ်မယ်။
လုပ်ချင်မှ လုပ်မယ်။
ပင်ပန်းရင် မလုပ်တော့ဘူး။
မကြိုက်ရင် ရှောင်မယ်။

ဒီလိုနဲ့ အသက်ရှင်နေမယ်ဆိုရင် ကိုယ်ဖြစ်ချင်တဲ့လူ ဖြစ်လာဖို့ ခက်ခဲပါလိမ့်မယ်။

တကယ်တိုးတက်ချင်သူဟာ လုပ်ချင်စိတ်ရှိတဲ့နေ့မှာပဲ လုပ်တဲ့သူ မဟုတ်ပါဘူး။ လုပ်သင့်တဲ့အရာကို လုပ်သင့်တဲ့အချိန်မှာ လုပ်ချင်စိတ်မရှိရင်တောင် လုပ်ဆောင်နိုင်တဲ့သူ ဖြစ်ရပါမယ်။

မနက်စောစောထဖို့ စိတ်မပါလည်း ထပါ။
ဆုတောင်းဖို့ ပျင်းနေလည်း ဆုတောင်းပါ။
ကျမ်းစာဖတ်ဖို့ စိတ်မပါလည်း ဖတ်ပါ။
တာဝန်ယူထားတဲ့အလုပ်ကို မလုပ်ချင်လည်း ပြီးမြောက်အောင် လုပ်ပါ။

ဘာကြောင့်လဲဆိုတော့ ခံစားချက်က အမြဲပြောင်းလဲနေတတ်ပေမဲ့ စည်းကမ်းကတော့ ကိုယ့်ကို ရည်မှန်းချက်ဆီ ဆက်လက်ပို့ဆောင်ပေးနိုင်လို့ပါ။

စည်းကမ်းရှိခြင်းဆိုတာ ကိုယ့်ကိုယ်ကို အတင်းအကျပ် ဖိအားပေးနေတာ မဟုတ်ပါဘူး။ ကိုယ်တန်ဖိုးထားတဲ့အရာ၊ ကိုယ်တာဝန်ယူထားတဲ့အရာတွေအပေါ် သစ္စာရှိခြင်း ဖြစ်ပါတယ်။

ခရစ်ယာန်အသက်တာမှာလည်း ဒီအချက်က အရေးကြီးပါတယ်။ ဘုရားသခင်ကို ချစ်တယ်ဆိုတာ ခံစားချက်ကောင်းတဲ့နေ့တွေမှာပဲ ကိုယ်တော်ကို ရှာဖွေတာ မဟုတ်ပါဘူး။ နေ့စဉ် ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ကို လေ့လာခြင်း၊ နာခံခြင်းနဲ့ သစ္စာရှိစွာ အသက်ရှင်ခြင်း ဖြစ်ပါတယ်။

၁ ကော ၉:၂၇ မှာ ရှင်ပေါလုက မိမိ၏ကိုယ်ခန္ဓာကို ဆုံးမထိန်းသိမ်းကြောင်း ဖော်ပြထားပါတယ်။

‘သူတစ်ပါး​ကို သွန်သင်​ပြီးမှ ငါ​ကိုယ်တိုင်​ကျရှုံး​သော​သူ မ​ဖြစ်​စေရန် ငါ​သည် မိမိ​ကိုယ်ခန္ဓာ​ကို ထိုးနှက်​၍ နာခံ​စေ​၏။

စိတ်ပါမှ လုပ်တဲ့သူမဖြစ်ပါနဲ့။ လုပ်သင့်တာကို လုပ်သင့်ချိန်မှာ လုပ်နိုင်တဲ့ စည်းကမ်းရှိသူ ဖြစ်ပါ။

ဒီနေ့ သင်လုပ်သင့်ပေမဲ့ လုပ်ချင်စိတ်မရှိလို့ ရွှေ့ဆိုင်းထားတဲ့အရာက ဘာလဲ။ အဲဒီအရာကို ဒီနေ့ပဲ စတင်လုပ်ဆောင်လိုက်ပါ။

#RobinSharing
#Word4uToday
#PersonalDiscipline
#MyDevotion
Robinkung
Robinkung2 days ago
Wow what a day !! မနက် ၈ နာရီ အလုပ်လုပ်မယ့်သူတွေနဲ့တွေ့ပြီးတော့ ၉:၀၀ နာရီကနေ ၃:၀၀ နာရီ ထိ စာသင် .. သင်ပြီးတာနဲ့ အလုပ်လုပ်သူတွေဆီသွားပြီး ရှင်းစရာရှငိးပြီးတာနဲ့ ည ၇:၀၀ နာရီ မှာ online စာသင် .. သင်ပြီးတာနဲ့ covenant university ခေါင်းဆောင်များ zoom စည်းဝေးမှာပြန်ပါဝင် ည ၁၀:၄၀ မှာပြီး .. ခုမနက်ဖြန် အတွက် စာတွေပြန်ကြည့်ရမယ်။

အမလေး ပျော်စရာကောင်းလိုက်တဲ့ဘဝ။
Screenshot