
I lead a ministry called “Bawathit Elim Myanmar”. After being saved in the Philippines then attended bible school. I Graduated with Master of Arts in Christian Leadership from Manila, Philippines.
Right after I finished my study. I went back to Myanmar with a heart to reach out the lost people here in Myanmar. At first I didn’t know how to start or where to start. But I remember that God gave me a miracle of being able to speak in English so miraculously so I started English Speaking Classes. Then I had some young people getting saved then the story continues.
Our Church was started as a fellowship and then in 2007, we started as a Church in Yangon.
God has given us 8 different churches. We only plant a Church where there are no christians yet. It has be hard but God has been Good!!
ငွေရှိတာ မမှားပါဘူး။ ငွေရှာတာလည်း မမှားပါဘူး။ မိသားစုကို ထောက်ပံ့ဖို့၊ အခြားသူတွေကို ကူညီဖို့၊ ဘုရားပေးထားတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ငွေလိုအပ်ပါတယ်။
ဒါပေမဲ့ ငွေကို အသုံးချရမယ့်အရာအဖြစ် ထားပါ။ ကိုးစားရမယ့်အရာအဖြစ် မထားပါနဲ့။ ငွေရှိတဲ့အခါ ကိုယ့်ကိုယ်ကို လုံခြုံပြီလို့ ထင်တတ်ကြတယ်။ ငွေများလာတဲ့အခါ ဘာမဆို လုပ်နိုင်ပြီလို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ ငွေက ကျန်းမာရေးကို အမြဲမကာကွယ်ပေးနိုင်ဘူး။ ဆက်ဆံရေးအားလုံးကို မထိန်းသိမ်းပေးနိုင်ဘူး။ စိတ်ငြိမ်သက်ခြင်းကိုလည်း အပြည့်အဝ မပေးနိုင်ဘူး။
ဒီနေ့ ငွေရှိပေမဲ့ မနက်ဖြန်မှာ ဆုံးရှုံးသွားနိုင်တယ်။ စီးပွားရေးအခြေအနေ ပြောင်းလဲနိုင်တယ်။ ကိုယ်စီစဉ်ထားသမျှလည်း ဖြစ်ချင်မှ ဖြစ်မယ်။ ဒါကြောင့် ကိုယ့်ရဲ့မျှော်လင့်ခြင်းကို ငွေပေါ်မှာ မတည်ဆောက်ပါနဲ့။
ငွေက သင့်လက်ထဲမှာ ရှိသင့်တယ်။ ဒါပေမဲ့ သင့်နှလုံးသားကိုတော့ ဘုရားသခင်က အုပ်စိုးနေသင့်တယ်။
ဘုရားကို မှီခိုခြင်းဆိုတာ ငွေမရှာဘဲ ထိုင်စောင့်နေခြင်း မဟုတ်ပါဘူး။ အလုပ်ကို ကြိုးစားလုပ်ပါ။ ငွေကို စနစ်တကျ စီမံပါ။ စုဆောင်းပါ။ ပညာရှိစွာ ရင်းနှီးမြှုပ်နှံပါ။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချတဲ့အခါ ဘုရားသခင်ကို ဦးစားပေးပါ။ ငွေရဖို့အတွက် သမ္မာတရားကို မစွန့်လွှတ်ပါနဲ့။ ငွေကြောင့် ကိုယ့်ရဲ့တန်ဖိုး၊ မိသားစုနဲ့ ဘုရားသခင်အပေါ် သစ္စာရှိမှုကို မဆုံးရှုံးပါစေနဲ့။
ငွေဟာ ကောင်းတဲ့အစေခံ ဖြစ်နိုင်ပေမဲ့ မကောင်းတဲ့သခင် ဖြစ်လာနိုင်တယ်။ ဘုရားကိုသာ ကိုးစားပြီး ငွေကိုတော့ ပညာရှိစွာ စီမံခန့်ခွဲပါ။
“အသက်ရှင်နေထိုင်မှုတွင် ငွေကိုတပ်မက်ခြင်းမရှိဘဲ မိမိ၌ရှိသောအရာနှင့် ရောင့်ရဲကြလော့။ အကြောင်းမူကား “ငါသည် မည်သည့်အခါမျှ သင့်ကိုစွန့်ခွာမည်မဟုတ်။ မည်သည့်အခါမျှ သင့်ကိုပစ်ပယ်မည်မဟုတ်”ဟု ကိုယ်တော်မိန့်တော်မူ၏။” ဟေဗြဲဩဝါဒစာ 13:5 MSBU
ဒီနေ့ သင့်ရဲ့လုံခြုံမှုနဲ့ မျှော်လင့်ခြင်းကို ငွေပေါ်မှာ တည်ဆောက်ထားသလား၊ သင့်ကို ဘယ်တော့မှ မစွန့်ပစ်ဘူးလို့ ကတိပေးထားတဲ့ဘုရားသခင်ပေါ်မှာ တည်ဆောက်ထားသလားဆိုတာ လေး လေးနက်နက် စဉ်းစားပြီး ငွေကိုမှီနေသူဖြစ်နေခဲ့ရင် သင့်အမှီကို ဒီနေ့ဘဲ ပဲပြောင်းလိုက်ပါ။
#Word4uToday
#RobinSharing
#MyDevotion
လူတစ်ယောက်က ကိုယ့်ကို တကယ်ချစ်တယ်ဆိုရင် သူ့ရဲ့လုပ်ရပ်တွေက သက်သေပြလိမ့်မယ်။ ဘုရားသခင်ကလည်း ကျွန်ုပ်တို့ကို ချစ်တော်မူကြောင်း စကားနဲ့ပဲ ပြောခဲ့တာ မဟုတ်ဘူး။ မိမိရဲ့တစ်ပါးတည်းသော သားတော်ကိုပင် ပေးအပ်တော်မူခဲ့တယ်။
လက်ဝါးကပ်တိုင်ဟာ ကျွန်ုပ်တို့ရဲ့တန်ဖိုးကို သက်သေပြရုံသာမက ဘုရားသခင်ရဲ့ မေတ္တာဘယ်လောက်ကြီးမားတယ်ဆိုတာကိုလည်း ဖော်ပြနေတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးမရှိသူလို့ မထင်ပါနဲ့။ လူတွေက သင့်ကို ပယ်ချနိုင်တယ်။ သင့်ရဲ့အမှားတွေကြောင့် လူတွေက သင့်ကို အပြစ်တင်နိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ မေတ္တာကိုနားလည်ဖို့ လက်ဝါးကပ်တိုင်ကို ကြည့်ပါ။
တစ်ဖက်မှာလည်း ဘုရားသခင်ရဲ့ မေတ္တာကို သိရုံနဲ့ မရပ်တန့်ပါနဲ့။ ယေရှုခရစ်တော်ကို ယုံကြည်ပါ။ ကိုယ်တော်ထံက ရရှိတဲ့ မေတ္တာကို သူတစ်ပါးထံ ပြန်လည်ဝေမျှပါ။ ခွင့်လွှတ်ဖို့၊ သနားဖို့၊ ကူညီဖို့နဲ့ ပျောက်ဆုံးနေသူတွေကို ခရစ်တော်ထံ ပို့ဆောင်ဖို့ အသက်ရှင်ပါ။
ဘုရားသခင်ရဲ့ မေတ္တာကို ခံစားရသူဟာ အဲဒီမေတ္တာကို တခြားသူတွေ ခံစားရအောင် အသက်ရှင်သူ ဖြစ်လာရမယ်။
“ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။”
ရှင်ယောဟန်ခရစ်ဝင် ၃:၁၆ (MSBU)
ဒီနေ့ သင်ဟာ ဘုရားသခင်ရဲ့ မေတ္တာကို ကိုယ်တိုင်ခံစားနေရုံသာမက သင့်ပတ်ဝန်းကျင်ကလူတွေကိုလည်း အဲဒီမေတ္တာကို ပြသနေပါသလား။
#Word4uToday
#RobinSharing
#MyDevotion
Worship Leader : kyaw soe han
Speaker : Pastor Robin kung——–
ဘ၀သစ်နဲ့ စိမ်းနေသေးသူများ
www.bawathitchurch.com/new
အသင်းဝင်ဖြစ်လိုသူများ
www.bawathitchurch.com/membership
ပေးကမ်းခြင်းဖြင့် ပါဝင်လိုသူများ
www.bawathitchurch.com/give
ကျေးဇူးတင်ပါတယ်။ အားလုံးမိတ်ဆွေများလည်း ခွန်အားယူနိုင်ဖို့ မျှဝေပေးပါ။
တစ်ခါတလေ ကိုယ့်ရှေ့မှာရှိနေတဲ့ ပြဿနာက အရမ်းကြီးလွန်းလို့ ဘယ်လိုမှ မဖြေရှင်းနိုင်တော့ဘူးလို့ ထင်ရတယ်။ ကိုယ့်အစွမ်းအစနဲ့ မလုပ်နိုင်ဘူး။ ကိုယ့်အတွေ့အကြုံနဲ့ မဖြေရှင်းနိုင်ဘူး။ ကိုယ့်အဆက်အသွယ်နဲ့လည်း မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကိုယ်မတတ်နိုင်တာဟာ ဘုရားသခင်လည်း မတတ်နိုင်ဘူးလို့ မဆိုလိုဘူး။
လူရဲ့အကန့်အသတ်က ဘုရားသခင်ရဲ့အကန့်အသတ် မဟုတ်ဘူး။ ကိုယ်မမြင်နိုင်တဲ့ လမ်းကို ဘုရားသခင် မြင်တယ်။ ကိုယ်မဖြေရှင်းနိုင်တဲ့ အခြေအနေကို ဘုရားသခင် ကိုင်တွယ်နိုင်တယ်။ ကိုယ်မမျှော်လင့်ထားတဲ့ နည်းလမ်းနဲ့လည်း ဘုရားသခင် အလုပ်လုပ်နိုင်တယ်။
ဒါပေမဲ့ ယုံကြည်ခြင်းဆိုတာ ကိုယ်လိုချင်တဲ့အရာတိုင်း ဖြစ်လာမယ်လို့ အတင်းယုံကြည်တာ မဟုတ်ဘူး။ ဘုရားသခင် တတ်နိုင်တော်မူကြောင်း ယုံကြည်ပြီး ကိုယ်တော်ရဲ့အလိုတော်ကို စိတ်ချစွာ နာခံလိုက်လျှောက်ခြင်း ဖြစ်တယ်။
ဒီနေ့ သင့်အတွက် မဖြစ်နိုင်ဘူးလို့ ထင်နေတဲ့အရာ ရှိနေသလား။ လက်မလျှော့လိုက်ပါနဲ့။ ဆုတောင်းပါ။ ဘုရားသခင်ကို ကိုးစားပါ။ ကိုယ်လုပ်ဆောင်နိုင်တဲ့အရာကို သစ္စာရှိရှိ လုပ်ဆောင်ပါ။ ရလဒ်ကိုတော့ ဘုရားသခင်ရဲ့လက်တော်ထဲ အပ်နှံလိုက်ပါ။ လူအတွက် မဖြစ်နိုင်တာဟာ ဘုရားအတွက် မဖြစ်နိုင်တာ မဟုတ်ဘူး။”
သို့သော် ယေရှုသည် သူတို့ကိုစူးစိုက်ကြည့်လျက်“ဤအရာသည် လူတို့အတွက် မဖြစ်နိုင်သော်လည်း ဘုရားသခင်အတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင် ၁၉:၂၆ (MSBU)
ဒီနေ့ သင်မဖြစ်နိုင်ဘူးလို့ ထင်နေတဲ့အရာကို ဘုရားသခင်ရဲ့လက်တော်ထဲ အပ်နှံပြီး ယုံကြည်ခြင်းနဲ့ ခရီးဆက်ဖို့ ခွန်အားယူလိုက်ပါ။ အာမင်။
#Word4uToday
#RobinSharing
#MyDevotion
ဗမာစကားပုံမှာ “ခြေနှစ်ချောင်းမကယ်ကောင်း” လို့ ပြောကြတယ်။ အဲဒီစကားပုံဟာ လူတွေရဲ့ အတွေ့အကြုံတွေကနေ ပေါ်လာခဲ့တာ ဖြစ်နိုင်တယ်။ ကိုယ်က မေတ္တာနဲ့ ကူညီခဲ့ဖူးသူက ကိုယ်အပေါ် ပြန်လည်မကောင်းမြင်တာ၊ ကျေးဇူးတရားကို မေ့သွားတာ၊ ကိုယ့်ကို နာကျင်စေတဲ့စကားတွေ ပြောလာတာမျိုး ကြုံရတဲ့အခါ စိတ်မကောင်းဖြစ်ရတယ်။
တစ်ချိန်က နိုင်ငံခြားထွက်ဖို့ ဘောင်းဘီ၊ ဖိနပ်၊ လွယ်အိတ်တောင် မရှိခဲ့တဲ့ လူငယ်တစ်ယောက်ကို ကိုယ့်မှာရှိတာလေးနဲ့ ကူညီခဲ့ဖူးတယ်။ လမ်းစရိတ်အတွက် ငွေလေးတောင် ပေးခဲ့ဖူးတယ်။ ဒါပေမယ့် သူအဆင်ပြေလာတဲ့အခါ ကိုယ့်အပေါ် မကောင်းပြောတာ၊ မကောင်းကြံတာတွေ ကြားရတဲ့အခါ စိတ်မကောင်းဖြစ်ရတယ်။ သနားလည်း သနားမိတယ်။
လူတစ်ယောက်ရဲ့ အခြေအနေပြောင်းလဲလာတာထက် သူ့ရဲ့စိတ်ထားပြောင်းလဲသွားတာက ပိုပြီး ဝမ်းနည်းစရာကောင်းတယ်။
ဒါပေမယ့် သူများရဲ့ ကျေးဇူးမသိတတ်မှုကြောင့် ကိုယ်တိုင်လည်း မေတ္တာမရှိတဲ့သူ ဖြစ်သွားဖို့ မလိုဘူး။ ကိုယ်ကူညီခဲ့တာဟာ သူတစ်နေ့ ကိုယ့်ကို ပြန်ကူညီဖို့၊ ကိုယ့်အပေါ် ကျေးဇူးပြန်ဆပ်ဖို့ မဟုတ်ဘူး။ ကိုယ်တတ်နိုင်တဲ့အချိန်မှာ လိုအပ်နေသူကို ကူညီနိုင်ခဲ့တာကိုယ်တိုင်က ကောင်းတဲ့အမှုတစ်ခု ဖြစ်တယ်။
သို့သော် မေတ္တာရှိခြင်းဆိုတာ လူတိုင်းကို အကန့်အသတ်မရှိ ယုံကြည်ရမယ်လို့ မဆိုလိုဘူး။ ခွင့်လွှတ်နိုင်ပေမယ့် သတိထားရတယ်။ ကူညီနိုင်ပေမယ့် ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်။ မေတ္တာကို မစွန့်လွှတ် ပေမယ့် ဉာဏ်ပညာနဲ့ အကန့်အသတ်စည်းလေးထားတတ်ဖို့သင်ယူရမယ်။
ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသော ငှါ။ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်း သောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့။မဿဲ ၅:၄၄
လူတစ်ယောက်ကျေးဇူးကန်းလိုက်တာနဲ့ လူတိုင်းကို ကျေးဇူးမပြုတော့ဘူးလို့ မဆုံးဖြတ်လိုက်ဖို့ အရေးကြီးတယ်။ လိုအပ်သူကို ကူညီနိုင်ရင် ဆက်ကူညီပါ ဒါပေမယ့် စည်းလေးတော့ ထားပါ။ ကျွန်ုပ်တို့ဘုရားက ကျေးဇူးပြုသော အရှင်ပါဆိုတာ လုံးဝမမေ့ပါနဲ့။
ကျနော့်ဘဝလက်စွဲကိုင်တဲ့ စကားကတော့ “ကျေးဇူးမဆပ်နိုင်လည်း လုံးဝ ကျေးဇူးမကန်းပါနဲ့” ကိုယ့်ကိုကူညီခဲ့ဖူးတဲ့လက်ကို ဘယ်တော့မှပြန်မကိုက်မိပါနဲ့။ ကျေးဇူးတရားကိုဆောင်ထားရင် သေတောင် မဆင်းရဲပါဘူး ဆိုတာပါ။
ကျေးဇူးရှင်ဘုရားကို ကိုးကွယ်သူအနေနဲ့
ကျေးဇူးများများပြုကြပါစို့။
#RobinSharing
#MyDevotion
#Word4uToday
























