ခရစ်တော်ကို ယုံကြည်သူလည်း ဆေးရုံရောက်နိုင်တယ်။ မယုံကြည်သူလည်း ဆေးရုံရောက်နိုင်တယ်။ ကွာခြားတာက ဆေးရုံမရောက်ခြင်း မဟုတ်ပါဘူး။ ဆေးရုံရောက်တဲ့အချိန်မှာ ဘယ်သူနဲ့ ရင်ဆိုင်နေရသလဲဆိုတာပါ။”
ခရစ်ယာန်ဖြစ်လာတာနဲ့ ရောဂါ၊ အခက်အခဲ၊ နာကျင်မှုတွေ မရှိတော့ဘူး လို့ ကျမ်းစာက မပြောပါဘူး။ ယေရှုကိုယ်တော်တိုင်ကလည်း လောကမှာ ဆင်းရဲခြင်းရှိမယ်လို့ ပြောခဲ့ပါတယ် (ယောဟန် ၁၆:၃၃)။
ဒါပေမယ့် ယုံကြည်သူမှာ—
➡️ နာကျင်မှုထဲမှာ အထီးကျန်မနေဘူး။ဘုရားသခင်အတူရှိတယ်။
➡️ ကြောက်ရွံ့မှုထဲမှာ မျှော်လင့်ချက်ရှိတယ်။
➡️ မသေချာတဲ့အခြေအနေထဲမှာ ဘုရားသခင်ကို ယုံကြည်နိုင်တယ်။
➡️ ဆုတောင်းနိုင်တယ်။
➡️ ကျန်းမာခြင်းကို တောင်းခံနိုင်တယ်။
➡️ အဖြေမရသေးတဲ့အချိန်မှာတောင် ဘုရားသခင်ကောင်းမြတ်တယ်ဆိုတာကို ဆက်ယုံကြည်နိုင်တယ်။
➡️ နောက်ဆုံးမှာ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ ခရစ်တော်၌ မျှော်လင့်ချက်ရှိတယ်။
ဒါကြောင့် ခရစ်တော်ကို ယုံကြည်တာက ဆေးရုံမရောက်ဖို့ အာမခံချက်မဟုတ်ဘူး။ ဆေးရုံရောက်တဲ့အခါ ဘုရားသခင်မရှိဘဲ ရင်ဆိုင်ရတာနဲ့ ဘုရားသခင်ကို ဆုပ်ကိုင်ပြီး ရင်ဆိုင်ရတာကွာတာပါ။”
နောက်တစ်ချက်က ခရစ်ယာန်တစ်ယောက် ဆေးရုံရောက်တာကို “ယုံကြည်ခြင်းမရှိလို့” ဆိုပြီးလည်း မဆုံးဖြတ်သင့်ပါဘူး။ ဖျားနာခြင်းရှိတာဟာ ဘုရားသခင်က စွန့်ပစ်လိုက်ပြီဆိုတဲ့ သက်သေမဟုတ်ပါဘူး။
ယုံကြည်ခြင်းဆိုတာ ငါဘယ်တော့မှ မနာကျင်ရဘူး ဆိုတာမဟုတ်ဘူး။ ငါနာကျင်နေရင်တောင် ဘုရားသခင်ကို မစွန့်လွှတ်ဘူး ဆိုတာပါ။
“ခရစ်တော်ရှိတာကြောင့် ဆေးရုံမရောက်တာမဟုတ်ဘူး။ ဆေးရုံရောက်တဲ့အခါတောင် မျှော်လင့်ချက်မပျောက်ဘဲ ရင်ဆိုင်နိုင်တာက ခရစ်တော်ရှိလို့ပါ။” Amen
“သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။”
ရှင်ယောဟန် 16:33
#Word4uToday
#Robinsharing
#MyDevotion