ကယ်တင်ခြင်း

​ကယ်တင်ခြင်းဆိုတာဘာလဲ၊  ဘယ်သူကလိုအပ်တာလဲ ?

ကယ်တင်ခြင်း ဆိုတာကို လူတိုင်းက ရှင်းလင်းစွာနားလည်းဖို့လိုပါတယ်။ မိတ်ဆွေအနေ နှင့်ခရစ်တော်ကို မိမိကယ်တင်ရှင်နှင့်အရှင်သခင်အဖြစ်လက်ခံတယ်ဆိုရင်၊ဘုရား သခင် ရဲ့ မိသားစုထဲကနေကြိုဆိုပါတယ်။ လက်မခံသေးရင်လည်း အခုလေ့လာကြည့်ပါ။ ဒါပေမယ့် ကယ်တင်ခြင်း အကြောင်းကို ရှင်း ရှင်း လင်းလင်းပြန်လည်စဉ်းစားဆင်ခြင်စေ ချင်ပါတယ်။
ကယ်တင်ခြင်းကဒုက္ခရောက်သူတွေ အတွက်သာဖြစ်တယ်။
 
ဘာကြောင့်လဲဆိုတော့ ဒုက္ခမရောက်ရင် အကူအညီမလိုအပ်ဘူးလေ။ ကယ်တင်ခြင်း ဆိုတာ ဒုက္ခတစ်ခုခုကနေ လွတ်မြောက် အောင်လုပ်ပေးခြင်းဖြစ်တယ်။ ဘယ်လိုမျိုး ဒုက္ခထဲကမဆို တစ်ယောက်ယောက်က လွတ်အောင် ကူညီပြီးလုပ်ပေးတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့ အဲဒီဒုက္ခကနေ ကယ်တင်တဲ့ ကယ်တင်ရှင် ဖြစ်လာတယ်။ လူကလွတ်ဖို့ကအရေးကြီးတယ်၊ဘယ်သူကလွတ်စေလဲဆိုတာအရေးမကြီးဘူး။ လွတ်စေတဲ့သူကကိုယ်ကိုယ်တိုင်တော့မဟုတ်တာသေချာတယ်။ဘာသာကတရားတယ်။မျှတတယ်။အတိမ်းအစောင်းမခံဘူး။ ဒါပေမယ့်ယေရှုကမေတ္တာနဲ့ကူညီတယ်။

မေတ္တာနဲ့ ကယ်မတယ်။ ဒုက္ခရောက်သူတိုင်းကို ကူညီကယ်တင်ဖို့ အဆင်သင့်ရှိပါတယ်။ ဒါကြောင့် ကယ်တင်ရှင်လိုအပ်တဲ့သူတိုင်းက ဒုက္ခရောက် နေတဲ့သူတိုင်းဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် အဆင်ပြေနေရင် တနည်းအား ဖြင့်ဒုက္ခမရောက်ဘူးဆိုရင်တော့ ဘယ်သူ့အကူအညီ အထောက်အမ ကယ်တင်မှုမှမလို အပ်ပါဘူး။ ဒါပေမယ့် တခါတလေ ဖြစ်တတ်တာက ကိုယ်ဒုက္ခရောက်နေတာတောင် ရောက်မှန်းမသိတဲ့အချိန်တွေရှိတတ်တယ်နော်။ ဒါကြောင့် လူတိုင်းမှာဒုက္ခရှိပြီး — အဲဒီဒုက္ခထဲရောက်နေပြီး ဖြစ်တယ် ဆိုတဲ့အကြောင်း လေးကိုလေ့လာကြည့်မယ်နော်…
 
 
လူတစ်ယောက်ရဲ့တကယ့်ဒုက္ခကဘာလဲ
လူဆိုတာက ပုထုဇဉ်ဖြစ်တယ်။ ပုထုဇဉ်ဆိုတဲ့အဓိပါယ်က ကိလေသာအညစ်အကြေးနှင့် မကင်းစင်သေးသောသူလို့အဓိပါယ်ရပါတယ်။ ကိလေသာဆိုတာ၊ စိတ်ကိုညစ်ညူးစေ တဲ့တရားပါဘဲ။ စိတ်ကိုညစ်ညူးစေတဲ့အရာတွေကတော့ လောဘ၊ဒေါသ၊ မောဟတွေဘဲ ဖြစ်ပါတယ်။ လူဟာ လောဘ၊ဒေါသနှင့်မောဟတွေကြောင့် အပြစ်သားဖြစ်သွာတာ မဟုတ်ဘဲ၊ အပြစ်သားဖြစ်တဲ့အတွက် လောဘ၊ ဒေါသနှင့်မောဟ တွေရှိရခြင်းဖြစ် ကြောင်းကို ပုထုဇဉ်လူသားတိုင်းသိရှိဖို့လိုအပ်ပါတယ်။ နွားတစ်ကောင်ဟာ မြက်စားလို့ နွားဖြစ်သွားတာမဟုတ်ဘူး၊ နွားဖြစ်နေလို့မြက်စားနေတာ။ မြက်စားလို့သာ နွားဖြစ်လို့ ကတော့ ခင်ဗျားနည်းနည်းမှသွားမစားမိစေနဲ့နော်။

ဒါကြောင့်လူဟာ ငယ်စဉ်ကတည်း က အပြစ်သားဖြစ်တဲ့အတွက်ကြောင့်ဘယ်သူကမှပေးတာလဲမဟုတ်ဘဲအလိုလိုနဲ့လောဘ၊ ဒေါသနှင့်မောဟတွေရှိနေရတာပေါ့ဗျာ။ ဒါကြောင့်လူက အပြစ်လုပ်လို့အပယ်လားရမှာ မဟုတ်ဘူး၊အပြစ်ကောင်ဖြစ်နေတဲ့အတွက်အပယ်လားရမှာ။ လောဘဒေါသနှင့်မောဟ တွေရှိနေရတာကအပြစ်သားဖြစ်နေလို့ရှိနေရတာ။ သရက်စေ့ကိုမြေမှာစိုက်တော့ သရက် ပင်ဘဲပေါက်မှာပေါ့၊ သရက်ပင်ကနေသီးလာမယ့် အသီးကလည်းသရက်သီးဘဲ ဖြစ်ရမှာ ပေါ့၊မဟုတ်ဘူးလား။ သရက်ပင်ကငှက်ပျောသီးသီးရင်အဲတာက ထူးဆန်းတာ။ သရက် ပင်ကသရက်သီး သီးတာဘာမှမထူးဆန်းပါဘူးနော်။ ဟုတ်တယ် မဟုတ်လား။ ဒါကြောင့် အပြစ်အမျိုးဖြစ်တဲ့လူသားက အပြစ်လုပ်နေတာ မထူးဆန်းဘူးနော်။ ဒါကြောင့် လူတစ်ဦး ရဲ့ တစ်ကယ့်ဒုက္ခက အပြစ်အမျိုးမှဆင်းသက်လာတဲ့အပြစ်သားဖြစ်နေရတဲ့ ဒုက္ခပါဘဲ မိတ်ဆွေ။ သေချာစဉ်းစားနော်။ ဒါဆိုရင် … အခုဆက်မေးရမယ့်မေးခွန်းကတော့….
ငါ့မှာကောအပြစ်တကယ်ရှိလို့လား

အပြစ်ဟာရောဂါနှင့်တူပါတယ်။ ရောဂါကလူကိုသေစေတယ်။ အဲလိုဘဲ.. အပြစ်ကလူကို သေစေတယ်။ စကားမစပ်..သေခြင်းဆိုတာ အသက်ရှုရပ်သွားတာကိုပြောတာ မဟုတ် ဘူး၊ အဲဒီထက်နက်နဲတယ်။ ဒါပေမယ့်နောက်မှဆက်ဆွေးနွေးမယ်။ အခုကတော့ အပြစ်ကရောဂါနဲ့တူတယ် ဆိုတဲ့အချက်ကိုဆက်ရှင်းရအောင်၊ တကယ်လို့ကိုယ့်မှာ ရောဂါ ရှိမရှိကို သိချင်ရင်ရောဂါရဲ့လက္ခဏာကိုကြည့်ရတယ်။ ဥပမာ-တီဘီရောဂါသည် ကပိန်မယ်၊ ချောင်းဆိုးမယ်၊ချောင်းဆိုးတဲ့အခါသွေးပါမယ်၊ စသဖြင့်ပေါ့။

​လက္ခဏာ တွေရှိပြီဆိုရင်၊ ရောဂါရှိမှန်းကျိန်းသေနေပြီဖြစ်တယ်။ သတိထားဖို့က ချောင်းဆိုးတဲ့အခါ သွေးပါလို့၊ လူကသေရမှာမဟုတ်ဘဲ၊ တီဘီရောဂါကြောင့်သေရမှာဖြစ်တယ်။ တီဘီ ရောဂါဆိုတာက အထက်ကလက္ခဏာကိုနာမည်တပ်ခေါ်ခြင်း သာဖြစ်ပါတယ်။ ဒါကြောင့် ခင်ဗျားမှာလည်း အပြစ်ရဲ့လက္ခဏာတွေ ရှိနေတာမှန်ရင် အပြစ်ရောဂါရှိနေတာ သေချာ နေပြီ။ အပြစ်၏အခကား သေခြင်းပေတည်းလို့ဘုရားကပြောထားပါတယ်။

အပြစ်ရဲ့လက္ခဏာတချို့ကိုဆက်လေ့လာကြည့်ရအောင်…..
 
အပြစ်ရောဂါရဲ့ မြင်သာသောလက္ခဏာများ
 
၁။ ရှက်ကြောက်ခြင်း – အရှက်မရှိတဲ့လူဆိုတာ လောကမှာ မရှိပါဘူး။ ဦးနှောက်မှန်မှန် အလုပ်လုပ်ရဲ့ သားနဲ့ကိုယ်ပေါ်မှာအဝတ်မပါဘဲ၊ အပြင်ထွက်ရဲ သူမရှိ ပါဘူး။ ရှက်ကြောက်ခြင်းဆိုတာကအာဒံနှင့်ဧဝက ဘုရား ရဲ့စကားကိုစတင်ဆန့်ကျင်ချိုးဖေါက်တဲ့နေ့ ကနေစပြီးလူ့ရဲ့စိတ်ထဲမှာရောက်လာတဲ့ လက္ခဏာတစ် ရပ်ဖြစ်တယ်။ အရှက်ကအပြစ်ရဲ့လက္ခဏာတစ်မျိုးဘဲ။ ခင်ဗျားကောရှက်ကြောက်စိတ်ရှိပါသလား? ရှက် ကြောက်တာကအပြစ်မဟုတ်ပေမယ့်၊ အပြစ်ရဲ့မြင် သာတဲ့ လက္ခဏာကတော့ ရှက်ကြောက်ခြင်းတရား ပါဘဲ။ ကဲ.. ကုယ့်ကိုကိုယ်နှင့်ကိုယ့်အနီးနားမှာရှိတဲ့ သူတွေထဲမှာ ဘာအရှက်အကြောက် မှမရှိတဲ့သူတွေ ရှိတယ်ဆိုရင်.. ဒါကအပြစ် မရှိခြင်းရဲ့လက္ခဏာ ပေါ့ဗျာ။ ဒါပေမယ့် အရှက်ကလူ တိုင်းမှာရှိနေတာ့ အဲတာက ဘာကိုထင်ရှားစေလဲဆိုရင် လူတိုင်းမှာအပြစ်ဆိုတဲ့ ရောဂါရှိ နေတာကိုပြနေတာပါ။


၂။ ချွေးထွက်ခြင်း – အာဒံနှင့်ဧဝ က အပြစ်လုပ်မိတဲ့အခါ ဘုရားသခင်က အာဒံကိုပြောတယ်။ “သင်ယောကျင်္࿿ား ဟာ ချွေးထွက်ပြီး အလုပ်လုပ်ရတဲ့ အသီးကိုစားရမယ်” တဲ့။ ချွေးမထွက် တဲ့ လူဆိုတာလဲမရှိပါဘူး။ ချွေးက လည်း အပြစ်ကိုမြင်သာ ထင်ရှား စေတဲ့ လက္ခဏာတစ်ခုပါဘဲ။ အာဒံ နှင့်ဧဝအပြစ်မလုပ်ခင်က ချွေးထွက် အောင်အလုပ်လုပ်ပြီး စားရသည်မ ဟုတ်ပါ။ မိတ်ဆွေကောအပြစ်ရဲ့ လက္ခဏာဖြစ်တဲ့ ချွေးထွက်ခြင်း     ခင်ဗျား မှာကောရှိလား၊ရှိတယ်ဆိုရင် ခင်ဗျားလည်း အပြစ် ရောဂါကြောင့်တစ်နေ့အပါယ်လားရမယ့်လူသားထဲမှာပါနေပြီဆိုတာ သေချာသွားပြီ။
၃။ ကလေးမွေးသောအခါနာကြင်မှု ဝေဒနာ –
အာဒံနှင့်ဧဝဟာဘုရားသခင်ရဲ့ စကား ကို နားမထောင်ဘဲ၊ အပြစ်လုပ်ပြီးသော အခါ၊ ဘုရားသခင်က ဧဝကိုပြောတယ်၊ “မိန်းမကိုလည်းသင်၌ ကိုယ်ဝန်ဆောင် ခြင်းဝေဒနာကို ငါအလွန်များပြားစေ မည်။ပင်ပန်းစွာဝေဒနာကို အလွန်များ ပြားစေမည်။”။ မိန်းမဖြစ်ပြီး ကလေး မွေးတဲ့ အခါတိုင်းနာကြင်မှုခံစား နေရ ရင်..အဲတာမိန်းမတိုင်းမှာမျိုးရိုးဗီဇအပြစ် ရှိတယ်ဆိုတာထင်ရှားတာပါ။ ဒါဆိုရင် အပြစ်ရဲ့လက္ခဏာတွေကို မြင်ပြီ မဟုတ် လား။ အဲဒီလက္ခဏာတွေ ကခင်ဗျား မှာရှိနေပြီဆိုရင်ခင်ဗျားလည်း ငြင်းလို့ မရဘူး၊အပြစ်သားမှန်ဖြစ်နေပြီ။
 
အပြစ်ဆိုတာနှစ်မျိုးရှိပါတယ်။ 
၁။ မျိုးရိုးဗီဇအပြစ် – တနည်းပြောရရင် မွေးကတည်းကပါလာတဲ့အပြစ်။ စဉ်းစား ကြည့်မယ် – အပြစ်လုပ် နည်းသင်တန်းတို့၊ လိမ်ညာနည်းသင်တန်းတို့ မတက်ရင်လည်း အပြစ်လုပ်တတ်တယ်၊လိမ်တတ်နေတာ၊ညာတတ်နေတာမထူးဆန်းဘူးလား။ဘယ်ကနေ ဘယ်လိုနဲ့ ဒီလိုမျိုး လိမ်တတ်ညာတတ်သွားတာလဲ။ အဲတာက မျိုးရိုးဗီဇအပြစ်ကြောင့်။ အပြစ်အမျိုးကဆင်းသက်လာတော့၊အပြစ်မျိုးဘဲပြန်ဖြစ်ရတာပေါ့။ တကယ်လို့ ခင်ဗျားက ဗမာလူမျိုး ဆိုရင်ဘာလို့ ဗမာလူမျိုးဖြစ်ရတာလဲ။ ဗမာစကားတတ်လို့ ဗမာဖြစ်တာလား၊ မဟုတ်ပါဘူး၊ ဗမာလူမျိုးမဟုတ်ဘဲ ဗမာစကားပြောတတ်သူတွေတပုံကြီးပါ၊ ဒါဆိုရင် ခင်ဗျားက ဗမာစကားပြောတတ်လို့ဗမာလူမျိုးဖြစ်တာမဟုတ်ဘဲ၊ ဗမားလူမျိုးဖြစ်တဲ့ အဖေအမေ ကနေပေါက်ဖွားလာလို့ ဗမာဖြစ်ရတာလေ။ ဒါကြောင့် လူသားကလည်း  အပြစ်သား ဖြစ်သွားတာ အပြစ်အမျိုးကနေဆင်းသက်လို့ -တနည်းပြောရင် မျိုးရိုးဗီဇ အပြစ်ကြောင့် အပြစ်သားဖြစ်နေရတာပါ။ ငယ်ကတည်းက ကိုယ်အမျိုးကြောင့် ပါလာတဲ့ အပြစ်လို့လည်းခေါ်လို့ရတာပေါ့နော်။
 
၂။ ဒုစရိုက်အပြစ် – ဒီအပြစ်ကတော့ ဗီဇအပြစ်ရဲ့အသီးလို့လဲခေါ်လို့ရတယ်။ ကျူးလွန်၊ ချိုးဖေါက်တဲ့အပြစ်ပါ။ ကျူးလွန်အပြစ်ဆိုတာကတော့ မလုပ်မသင့်တဲ့အရာတစ်ခုခု ကိုလုပ်ချင်စိတ်မရှိဘဲ၊ ဒါမှမဟုတ် လုပ်ချင်စိတ်သက်သက်နဲ့ လုပ်လိုက်တဲ့ လုပ်ဆောင်မှု ကိုကျူးလွန်အပြစ်လို့ခေါ်ပါတယ်။ ချိုးဖေါက်တဲ့အပြစ်ကကျတော့ လူမှုအသိုင်းအဝန်းတွေ ကချမှတ်တဲ့ ဥပဒေ၊ဘောင်စည်းကမ်းများကို လိုက်နာမှုမရှိဘဲလုပ်ဆောင်မှုမှ ရတဲ့ ရလဒ် အပြစ်ဖြစ်ပါတယ်။ ဘာပြောပြော ဒီအပြစ်မျိုးကတော့ မမြင်ရတဲ့ မျိုးရိုးဗီဇအပြစ်ရဲ့ ရလဒ်(အသီး)သာဖြစ်ပါတယ်။
ဒီတော့ လူရဲ့ပြသနာက ဒုစရိုက်အပြစ်တစ်ခုတည်းမဟုတ်ဘူး၊ မမြင်ရတဲ့ မျိုးရိုးဗီဇအပြစ် ကတကယ့် ပြသနာဖြစ်ပါတယ်။ မျိုးရိုးဗီဇရဲ့အပြစ်ကြောင့် ယနေ့ဒုစရိုက်အပြစ်က ရှိနေရ တာဖြစ်ပါတယ်။
လူတွေက မြင်တာလောက်၊ချိုးဖေါက်တာလောက်ကိုဘဲအပြစ်လို့မြင်ပါတယ်။ ဒါကြောင့် အဲဒီဒုစရိုက်အပြစ်ကိုရှောင်ဖို့ ဘာသာတရားကချမှတ်တဲ့ စည်းတွေ၊ကျင့်နည်းတွေကို ကျင့်ကြံနေထိုင်ကြတာဖြစ်တယ်။ ဒါပေမယ့် အထူးသတိထားရမှာက လူဆိုတာ ပုထုစဉ် ဖြစ်တဲ့အကြောင်းပါဘဲ။
ပုထုဇဉ်လူသားဟာ နည်းမတတ် လို့ အပါယ်လားရမှာမဟုတ်ဘူး။ အပြစ်လုပ်လို့ အပယ်လားရမှာ မဟုတ်ပါဘူး ဆိုတာသေချာသိဖို့ လိုတယ်။ ဟိုဘာသာ၊ ဒီဘာသာ ကိုးကွယ်လို့ အပါယ်လားရမှာ မဟုတ်ဘူး၊ အပြစ်ကြောင့်အပယ် လားရမှာဆိုတာကို သေသေ ချာချာ ရှင်းရှင်းလင်းလင်း သိဖို့ လိုပါတယ်။ အပြစ်လုပ်လို့အပါယ် လားခြင်းမဟုတ်ဘဲ၊ အပြစ်ရှိလို့ အပါယ်လားရခြင်းဖြစ်ပါတယ်။
လူသားဟာ အပြစ်ထဲနစ်မည့်သူ မဟုတ်ဘဲ၊ နစ်နေသူဖြစ်ပါတယ်။ အဲဒီစာကြောင်းကို တစ်ခေါက်လောက်ပြန်ဖတ်ပါ။နစ်မယ့်သူဆိုရင်တော့မနစ်မယ့်နည်းလမ်းတွေး၊တရားတွေ ချပြီးလမ်းပြသွန်သင်လို့ရပါသေးတယ်။ ဒါပေမယ့်တကယ့်အခြေအနေကအဲလိုမဟုတ် ဘူး၊ လမ်းပြလို့၊ နည်းတွေ သင်ပေးလို့မရတော့တဲ့အခြေအနေပါ။ ရေထဲမှာနစ်နေပြီးသူ တစ်ယောက်ယောက်ကို ..ရေနစ်သူမဟုတ်တဲ့သူတစ်ယောက်ယောက်ကရေထဲ ဆင်းပြီး ကယ်မှအသက်ရှင်တော့မယ့်သူပါ။ ရေထဲနစ်နေပြီးသား သူကို ရေမနစ်အောင် သင်ပြ ခြင်းက မဖြစ်နိုင်တော့တဲ့လုပ်ဆောင်မှုမျိုးပါ။ ခင်ဗျားလည်း စဉ်းစားကြည့်ပေါ့။ ခင်ဗျားသာ ရေထဲနစ်နေရင် ရေကူးနည်းကိုသင်ပေးမယ့် နည်းပြကိုအလိုရှိမလား၊ ကိုယ်ချင်းစာပြီး ရေထဲခုန်ဆင်းကာ ခင်ဗျားကိုကယ်မယ့်သူကိုပိုပြီးအလိုရှိမလား။
အဲဒီမေးခွန်းရဲ့အဖြေဟာ သခင်ယေရှုခရစ်တော်လောကကြီးထဲကို ခုန်ဆင်းလာပြီးအပြစ် ရဲ့နွံထဲမှာနစ်နေတဲ့လောကလူသားတွေကိုမေတ္တာနဲ့လာကယ်တင်ခြင်းကိုရှင်းလင်းစေတဲ့ အဖြေပါဘဲ။ ဘာသာတရားရဲ့လမ်းပြခြင်းက မကောင်းတာမဟုတ်ပါဘူး၊ ရေနစ်နေသူ အတွက် (အပြစ်ထဲကျပြီးသူအတွက်) အသုံးမတည့်တာပါ။
အပြစ်ရဲ့နွံထဲနစ်နေပြီးသားသူ တစ် ယောက်အတွက် တကယ် လိုအပ် တာကတော့ကယ်တင်မယ့် အရှင် ပါ။ ကယ်တင်မယ့်သူ သာလိုအပ် နေတာပါ။ အဲဒါကြောင့် ခရစ် တော်ဘုရားက လောကသား တွေ ကို တရားပေးဖို့မလာဘဲ၊နားချဖို့ လည်းလာတာမဟုတ်ဘဲ၊ ဘာသာ တရားလာ တည်ထောင်ပေးတာ မဟုတ်ဘဲ၊သူကိုယ်တိုက် ကောင်း ကင်ကဆင်းကြွလာပြီးကယ်တင် ခြင်းအလုပ်ကိုလုပ်ပေးခဲ့ခြင်း ဖြစ် တယ်။
အပြစ်သားဖြစ်နေတဲ့အတွက် ဘယ်လိုဘဲရုန်းကန်ကြိုးစားကြိုးစား၊ရုန်းလေနစ်လေဘဝဖြစ်နေတဲ့အတွက် ကယ်တင်ရှင် တဦးဦးကိုသာ တောင့်တနေရသူဖြစ်ပါတယ်။ ဒါကြောင့်လူသားဟာ လောဘ၊ ဒေါသနှင့် မောဟတွေနဲ့ပြည့်နက်မယ့်သူမဟုတ်ဘဲ၊ ပြည့်နက်နေပြီးတဲ့သူဆိုတာ စောစောက စာမျက်နှာတွေမှာဖတ်ပြီးထား သလိုဘဲ၊ တကယ် လူသားတစ်ဦး လိုအပ်နေတဲ့ အရာဟာ ဘာများဖြစ်မလဲ။ ဘာသာတရားက နည်းပေးတယ်၊တရားချတယ်၊ယေရှုခရစ်တော်က ကယ်တင်တယ်။ ခရစ်တော်ဘုရားရဲ့ ကယ်တင်မှုကိုခံစားရဖို့အတွက် မိတ်ဆွေက ကောင်းတဲ့သူ၊ လောဘကင်းသူ၊ မောဟကင်းသူ၊ ဒေါသကင်းသူဖြစ်လာစရာမလိုပါဘူး။ ယေရှုခရစ်တော်က ကျွန်တော်ကတော့၊ ကျွန်မတော့ ဒုက္ခရောက်နေပါတယ်၊ ယေရှုခရစ် တော်ဘုရားရဲ့ ကယ်တယ်ခြင်းကိုလိုအပ်နေပါတယ်ဆိုပြီး ဝန်ခံတဲ့လူတိုင်းကို မေတ္တာနဲ့ အခမဲ့ကယ်တယ်ပေးနေပါတယ်။ ယေရှုဘုရားဟာ အသက်တာဖြူစင်ပြောင်းလဲပြီးမှ ချဉ်းကပ်ရတဲ့ဘုရားမဟုတ်ပါဘူး၊ အသက်တာကိုပြောင်းလဲပေးမယ့် ဘုရားသခင်ပါ။
မေတ္တာဆိုတာ ဒုက္ခရောက်နေတဲ့သူရဲ့ကောင်းမှုကိုမတောင်းပါဘူး၊ ဒုက္ခရောက်နေလို့ အဲဒီ ဒုက္ခကနေ လွတ်စေချင်ရုံသက်သက်နဲ့သာ ကူညီကယ်တင်ပေးပါတယ်။
မိတ်ဆွေလည်း တကယ်လို့များ … ကိုယ့်ကိုကိုယ်ကယ်လို့မရ၊ ဒုက္ခရောက်နေသူဖြစ် နေခဲ့ရင် … ကျေးဇူးပြုပြီဆက်ဖတ်ပေးပြီး …..
အခုချက်ချင်းဘဲ၊ ဆုတောင်း ကြည့်လိုက်ပါ။ အောက်ကဆု တောင်းချက်အတိုင်းလိုက်ဆိုပါ။
“ယေရှုဘုရား၊ ဖတ်ရတဲ့အတိုင်း ဆိုရင် ယေရှုဘုရားသခင်ဟာ အ သက်ရှင်တဲ့ ဘုရားဖြစ်တယ်၊ ကယ်တင်တဲ့ ဘုရားဖြစ်တယ်။ ဒါကြောင့် ..ယေရှုဘုရား တပည့် တော်/မ ရဲ့အပြစ်များအားလုံး ကို လှွတ်တော်မူပါ။ တပည့်တော်/မ ရဲ့အခုချိန်မှာကြုံတွေ့ ခံစားနေရ တဲ့ခက်ခဲပြသနာမှလွတ်နိုင်စေရန် ကိုယ်တော်မြတ်ရဲ့ မေတ္တာအား ဖြင့်ကူညီမစတော်မူပါဘုရား။ တပည့်တော်/မရဲ့ ဝိညာဉ်ကိုလည်း အဆက်လုပ်တော် မူပါဘုရား။ နောင်တမလွန်အထိစိတ်အေးချမ်းသာရသောအခွင့်ကို ယခုပင်ပေးတော်မူ ပါဘုရား၊ ယေရှုခရစ်တော်ဘုရား၏ နာမတော်မြတ်၌ဆုတောင်းပါ၏။ အာမင် “
 
တကယ်လို့အဲဒီဆုတောင်းချက်ကိုတောင်းပြီးပြီဆိုရင်ခင်ဗျားဟာ ခရစ်ယာန်တစ်ဦးဖြစ်လို့ သွားပါပြီ။ဂုဏ်ပြုပါရစေ။ ခရစ်ယာန်တစ်ဦးဖြစ်လာပြီဆိုရင်အသစ်သောဘဝ၊ ဘဝသစ်က ခင်ဗျားမှာ စတင်နေပါပြီ။
 
ဘဝသစ်ရဲ့ “ခရစ်တော်ကိုယုံကြည်ပါပြီ … နောက်ဘာဆက်လုပ်ရမလဲ” ဆိုတဲ့ သင်ခန်း စာ ကိုဆက်ပြီးလေ့လာစေဖို့ ခွန်အားပေးတိုက်တွန်းလိုပါတယ်။
 
စာရေးပြီးဆက်သွယ်ချင်ရင် – Email: HelloBawathit@gmail.com မှတစ်ဆင့် ဆက်သွယ် ပေးပို့နိုင်ပါတယ်။