‘ဖိလိတ္တိလူမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သိမ်းယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့သယ်ဆောင်သွားကြ၏။ ထိုသို့ ဖိလိတ္တိလူမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သယ်ဆောင်သွားပြီး ဒါဂုန်ဝတ်ကျောင်းသို့ ယူသွား၍ ဒါဂုန်ဘုရားဘေး၌ ထားကြ၏။ နောက်တစ်နေ့တွင် အာဇုတ်မြို့သားတို့သည် နံနက်စောစောထကြသောအခါ ဒါဂုန်ဘုရားသည် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် မြေပေါ်မှောက်လျက်လဲနေသည်ကို တွေ့သဖြင့် သူတို့သည် ဒါဂုန်ဘုရားကိုယူ၍ သူ့နေရာ၌ ပြန်ထားကြ၏။ ‘ ဓမ္မရာဇဝင်ပထမစောင် 5:1-3 ဘုရားသခင်ရဲ့ သေတ္တာတော်ကို ဘုရားမဲ့လူမျိုးက သိမ်းသွားတော့် အဆင်ပြေတော့မယ်ထင်တာ မပြေတဲ့အပြင်ကို ပိုဆိုးသွားပါလေရော။ ဘုရားမသိတဲ့ အမျိုးက ဘုရားမျက်မှောက်တော်နဲ့ သွားလို့ မရဘူး ဘုရားမျက်မှောက်တော် ကို လူလိုရာပြည့်ဖို့ သုံးနေတဲ့ ဖိလိတိလူတွေ သူတို့အလိုမပြည့်ရုံမက ဒုက္ခပါရောက်နေကြပြီ။ ဘုရားက အရာရာလုပ်နိုင်ပေမယ့် သူ့ကို မကြည်ညို သူ့ကိုမသိကျွမ်းသူရဲ့ လုပ်စားခြင်းကို မခံပါဘူး။ ဒဂုံဘုရားက အလိုလို…