
‘ထိုစဉ်က ရှမွေလသည် ထာဝရဘုရားနှင့်သိကျွမ်းခြင်းမရှိသေး။ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုလည်း မရရှိဖူးသေး။ ‘၁ ဓမ္မရာဇဝင် 3:7 (MSB)
‘ရှမွေလသည် ထာဝရဘုရားကို မသိသေး။ ဗျာဒိတ်တော်ကို မခံရသေး။ ‘၁ ဓမ္မရာဇဝင် 3:7(Judson)
ဗျာဒိတ်တော်ရရှိခြင်းမရှိသေးတော့ ဘုရားကိုသိကျွမ်းခြင်းက မရှိသေးလို့ ဆိုရမယ်။
ဗျာဒိတ်တော်ရရင်ဘုရားကို သိခြင်းရှိလာတယ် ဒါမှမဟုတ် ဘုရားကို သိကျွမ်းခြင်းရှိလာရင် ဗျာဒိတ်တော်ရခြင်းကလည်း တိုးလာတယ်။
မနေ့ကမှ ခင်ရသူက ကိုယ့်ကိုပြောတဲ့ အတိုင်းအတာနှင့် ၁၀ နှစ်လောက်သိလာတဲ့သူက ကိုယ့်ကိုပြောတဲ့အရာက ကွာတယ်။
သိကျွမ်းခြင်းအပေါ်မူတည်ပြီး ဖော်ပြခြင်းကလာတယ်။
ဖော်ပြခြင်းဗျာဒိတ်က ဘုရားလုပ်ရမှာ
ဘုရားနဲ့ သိကျွမ်းလာအောင်က မိမိဘက်ကအချိန်ပေးရဖို့လိုတယ်။
ဘုရားကတော့ အချိန်အပြည့်ပေးပြီးသား ကိုယ့်ဘက်ကသာသူ့အတွက်မအားဘူးဖြစ်နေတာ။
ဗျာဒိတ်ကသာ လူကို အကျိုးများစေတာ
ဗျာဒိတ်တော်မရှိရင် လူက အကျိုးနည်းတယ်လို့ ကျမ်းစာကဆိုတယ်။
ဗျာဒိတ်တော်နည်းခြင်းက လူတွေက ဗျာဒိတ်ရှင်ကို သိကျွမ်းခြင်းနားလာလို့ပါ။
ဗျာဒိတ်ဘဲလိုချင်ပြီး ဗျာဒိတ်ရှင်ကို မသိကျွမ်းချင်တာကတော့ မရဘူး
သိကျွမ်းချင်တယ်ပြောပြီး အချိ်န်မပေးတာကတော့ မတရားပြန်ဘူး။
သိကျွမ်းခြင်းနည်းရင် ဖော်ပြခြင်းနည်းမယ်။
ဖော်ပြခြင်းနည်းရင် ကိုယ်လည်းအကျိုးနည်း ကိုယ်ဦးဆောင်တဲ့သူတွေလည်းအကျိုးနည်းမယ်။
ဗျာဒိတ်တော်ရဖို့ ဘုရားကို သိကျွမ်းခြင်းရှိပါ။
သိကျွမ်းခြင်းရှိဖို့
Leave a Reply