Word4UToday

  • ဘုရားသခင်၏ သေတ္တာတော်

    The Ark of God — ဘုရားသခင်၏ သေတ္တာတော်‘ထို​တဲ​တော်၌ ရွှေ​လင်​ပန်း​နှင့် ရွှေ​ဖြင့်​မွမ်း​မံ​သော ပ​ဋိ​ညာဉ်​တ​ရား​သေ​တ္တာ​ရှိ၏။ ထို​သေ​တ္တာ၌ မ​န္န​ကို ထား​သော​ရွှေ​အိုး၊ အ​ပွင့်​ပွင့်​သော အာ​ရုန်၏​လှံ​တံ၊ ပ​ဋိ​ညာဉ်​တ​ရား​ကို ရေး​ထား​သော ကျောက်​ပြား​တို့​သည် ရှိ​ကြ၏။ ဟေဗြဲ 9:4ဘုရားသခင်၏ သေတ္တာတော်ထဲမှာ ၁။ မန္နမုန့်ကိုထားတဲ့ မုန့် — Provision of God — ဘုရားသခင်က အစ္စရေးလူမျိုးတွေရဲ့ စားဝတ်နေရေးကို ပြင်ဆင်ပေးခြင်း။ ဘုရားက ယနေ့ ယုံကြည်သူတွေအတွက်လည်း စားဖို့ လိုအပ်သည့်အရာကို ပြင်ဆင်ပေးတဲ့ ဘုရားဖြစ်တယ်။ ယေရှုက တပည့်တော်တွေကို ဆုတောင်းနည်းသင်ပေးတဲ့အခါလည်း အသက်မွေးလောက်သောအစာကို ပေးသနားဖို့ တောင်းခို်င်းတယ်။ အစ္စရေးလူမျိုးတွေအတွက် ဘုရားသခင်၏သေတ္တတော်ကို မြင်တဲ့အခါတိုင်း ဘုရားသခင်၏ ထောက်ပံ့ခြင်းကိုပါ မြင်နိုင်ကြလို့ ဝမ်းသာကြတာဖြစ်တယ်။ ၂။…


  • ဘုရားသေတ္တာတော်ကို အမြတ်ထုတ်စားချင်သူများ

    ‘ဖိလိတ္တိ​လူမျိုး​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို သိမ်းယူ​၍ ဧဗနေဇာ​မြို့​မှ အာဇုတ်​မြို့​သို့​သယ်ဆောင်​သွား​ကြ​၏​။ ထိုသို့ ဖိလိတ္တိ​လူမျိုး​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို သယ်ဆောင်​သွား​ပြီး ဒါဂုန်​ဝတ်ကျောင်း​သို့ ယူသွား​၍ ဒါဂုန်​ဘုရား​ဘေး​၌ ထား​ကြ​၏​။ နောက်တစ်နေ့​တွင် အာဇုတ်​မြို့သား​တို့​သည် နံနက်​စောစောထ​ကြ​သောအခါ ဒါဂုန်​ဘုရား​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​တွင် မြေ​ပေါ်​မှောက်​လျက်​လဲ​နေ​သည်​ကို တွေ့​သဖြင့် သူ​တို့​သည် ဒါဂုန်​ဘုရား​ကို​ယူ​၍ သူ့​နေရာ​၌ ပြန်ထား​ကြ​၏​။ ‘ ဓမ္မရာဇဝင်ပထမစောင် 5:1-3 ဘုရားသခင်ရဲ့ သေတ္တာတော်ကို ဘုရားမဲ့လူမျိုးက သိမ်းသွားတော့် အဆင်ပြေတော့မယ်ထင်တာ  မပြေတဲ့အပြင်ကို ပိုဆိုးသွားပါလေရော။  ဘုရားမသိတဲ့ အမျိုးက ဘုရားမျက်မှောက်တော်နဲ့ သွားလို့ မရဘူး ဘုရားမျက်မှောက်တော် ကို လူလိုရာပြည့်ဖို့ သုံးနေတဲ့ ဖိလိတိလူတွေ သူတို့အလိုမပြည့်ရုံမက ဒုက္ခပါရောက်နေကြပြီ။  ဘုရားက အရာရာလုပ်နိုင်ပေမယ့်  သူ့ကို မကြည်ညို သူ့ကိုမသိကျွမ်းသူရဲ့  လုပ်စားခြင်းကို မခံပါဘူး။  ဒဂုံဘုရားက အလိုလို…


  • ဗျာဒိတ်ရဖို့ ဘုရားကိုသိကျွမ်းခြင်းရှိပါ။

    ‘ထိုစဉ်က ရှမွေလ​သည် ထာဝရဘုရား​နှင့်​သိကျွမ်း​ခြင်း​မ​ရှိ​သေး​။ ထာဝရဘုရား​၏​ဗျာဒိတ်​တော်​ကို​လည်း မ​ရရှိ​ဖူး​သေး​။ ‘၁ ဓမ္မရာဇဝင် 3:7 (MSB) ‘ရှ​မွေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​သိ​သေး။ ဗျာ​ဒိတ်​တော်​ကို မ​ခံ​ရ​သေး။ ‘၁ ဓမ္မရာဇဝင် 3:7(Judson)  ဗျာဒိတ်တော်ရရှိခြင်းမရှိသေးတော့ ဘုရားကိုသိကျွမ်းခြင်းက မရှိသေးလို့ ဆိုရမယ်။  ဗျာဒိတ်တော်ရရင်ဘုရားကို သိခြင်းရှိလာတယ် ဒါမှမဟုတ် ဘုရားကို သိကျွမ်းခြင်းရှိလာရင် ဗျာဒိတ်တော်ရခြင်းကလည်း တိုးလာတယ်။  မနေ့ကမှ ခင်ရသူက ကိုယ့်ကိုပြောတဲ့ အတိုင်းအတာနှင့် ၁၀ နှစ်လောက်သိလာတဲ့သူက ကိုယ့်ကိုပြောတဲ့အရာက ကွာတယ်။  သိကျွမ်းခြင်းအပေါ်မူတည်ပြီး ဖော်ပြခြင်းကလာတယ်။  ဖော်ပြခြင်းဗျာဒိတ်က ဘုရားလုပ်ရမှာ  ဘုရားနဲ့ သိကျွမ်းလာအောင်က မိမိဘက်ကအချိန်ပေးရဖို့လိုတယ်။  ဘုရားကတော့ အချိန်အပြည့်ပေးပြီးသား ကိုယ့်ဘက်ကသာသူ့အတွက်မအားဘူးဖြစ်နေတာ။  ဗျာဒိတ်ကသာ လူကို အကျိုးများစေတာ ဗျာဒိတ်တော်မရှိရင် လူက အကျိုးနည်းတယ်လို့ ကျမ်းစာကဆိုတယ်။  ဗျာဒိတ်တော်နည်းခြင်းက လူတွေက…