‘ဖိလိတ္တိလူမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သိမ်းယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့သယ်ဆောင်သွားကြ၏။ ထိုသို့ ဖိလိတ္တိလူမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သယ်ဆောင်သွားပြီး ဒါဂုန်ဝတ်ကျောင်းသို့ ယူသွား၍ ဒါဂုန်ဘုရားဘေး၌ ထားကြ၏။ နောက်တစ်နေ့တွင် အာဇုတ်မြို့သားတို့သည် နံနက်စောစောထကြသောအခါ ဒါဂုန်ဘုရားသည် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် မြေပေါ်မှောက်လျက်လဲနေသည်ကို တွေ့သဖြင့် သူတို့သည် ဒါဂုန်ဘုရားကိုယူ၍ သူ့နေရာ၌ ပြန်ထားကြ၏။ ‘ ဓမ္မရာဇဝင်ပထမစောင် 5:1-3
ဘုရားသခင်ရဲ့ သေတ္တာတော်ကို ဘုရားမဲ့လူမျိုးက သိမ်းသွားတော့် အဆင်ပြေတော့မယ်ထင်တာ
မပြေတဲ့အပြင်ကို ပိုဆိုးသွားပါလေရော။
ဘုရားမသိတဲ့ အမျိုးက ဘုရားမျက်မှောက်တော်နဲ့ သွားလို့ မရဘူး
ဘုရားမျက်မှောက်တော် ကို လူလိုရာပြည့်ဖို့ သုံးနေတဲ့ ဖိလိတိလူတွေ
သူတို့အလိုမပြည့်ရုံမက ဒုက္ခပါရောက်နေကြပြီ။
ဘုရားက အရာရာလုပ်နိုင်ပေမယ့်
သူ့ကို မကြည်ညို သူ့ကိုမသိကျွမ်းသူရဲ့
လုပ်စားခြင်းကို မခံပါဘူး။
ဒဂုံဘုရားက အလိုလို လဲကျတာ
လဲကျတာတောင် ဘုရားသေတ္တာတော်
ရှေ့ကို ဦးညွတ်ပြီးကျတာ ..
ဘုရားတကာတို့ရဲ့ ဘုရားဖြစ်ကြောင်း
တွေ့မြင်ရလို့ ထိုဘုရားကို သိကျွမ်းသူတစ်ယောက်တွက်
ဝမ်းသာဂုဏ်ယူမိပါတယ်။
ဘုရားကို နိမိတ်ပြဖို့ မသုံးပါနဲ့
ဘုရားကို ရန်တွေနိုင်ပေးဖို့ မသုံးပါနဲ့
ဘုရားကို ဘုရားလို ကြည်ညိုဖို့သာဖြစ်ပါစေ။
လူ့အလိုပြည့်ဖို့ ဘုရားကို မသုံးနဲ့
ဘုရားအလိုပြည့်ဖို့ ဘုရားကလူကိုသုံးပါစေ။
Leave a Reply