The Ark of God — ဘုရားသခင်၏ သေတ္တာတော်
‘ထိုတဲတော်၌ ရွှေလင်ပန်းနှင့် ရွှေဖြင့်မွမ်းမံသော ပဋိညာဉ်တရားသေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နကို ထားသောရွှေအိုး၊ အပွင့်ပွင့်သော အာရုန်၏လှံတံ၊ ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့သည် ရှိကြ၏။ ဟေဗြဲ 9:4
ဘုရားသခင်၏ သေတ္တာတော်ထဲမှာ
၁။ မန္နမုန့်ကိုထားတဲ့ မုန့် — Provision of God — ဘုရားသခင်က အစ္စရေးလူမျိုးတွေရဲ့ စားဝတ်နေရေးကို ပြင်ဆင်ပေးခြင်း။ ဘုရားက ယနေ့ ယုံကြည်သူတွေအတွက်လည်း စားဖို့ လိုအပ်သည့်အရာကို ပြင်ဆင်ပေးတဲ့ ဘုရားဖြစ်တယ်။ ယေရှုက တပည့်တော်တွေကို ဆုတောင်းနည်းသင်ပေးတဲ့အခါလည်း အသက်မွေးလောက်သောအစာကို ပေးသနားဖို့ တောင်းခို်င်းတယ်။ အစ္စရေးလူမျိုးတွေအတွက် ဘုရားသခင်၏သေတ္တတော်ကို မြင်တဲ့အခါတိုင်း ဘုရားသခင်၏ ထောက်ပံ့ခြင်းကိုပါ မြင်နိုင်ကြလို့ ဝမ်းသာကြတာဖြစ်တယ်။
၂။ အပွင့်ပွင့်တဲ့ အာရုန်၏ လှံ — ဘုရားသခင်ရဲ့ ကြီးမားတဲ့လက်တော်ရဲ့ သက်သေဖြစ်တဲ့ အာရုန်ရဲ့ လှံက ပွင့်ပွင့်ခဲ့တယ်။ ဘုရားသခင်က အရာခပ်သိမ်းကိုလုပ်နိုင်တဲ့ဘုရားဖြစ်ကြောင်းသက်သေဖြစ်တယ်။ နိမိတ်လက္ခဏာက လိုအပ်တဲ့အခါ လိုအပ်တဲ့အတိုင်း လိုအပ်တဲ့နိမိတ်လက္ခဏာကို ပြုတဲ့ဘုရားဖြစ်ကြောင်း သက်သေဖြစ်တယ်။
၃။ ပညတ်တရားကို ရေးထားတဲ့ ကျောက်ပြား — ဘုရားရဲ့စကားတော်ဖြစ်တယ်။ ပညတ်တော်က ဘုရားစကားတော် တနည်းအားဖြင့် ဘုရားသခင်ရဲ့ နိုင်ငံတော်ရဲ့ ဥပဒေတွေဖြစ်တယ်။ ဒီဥပဒေကို လိုက်နာရင် ပြည်တော်မှာ ကောင်းစားခြင်းရှိမယ်။ ဘုရားဥပဒေကို လိုက်နာခြင်းမရှိရင် ဘုရားရဲ့ နိုင်ငံတော်မှာ ကြွယ်၀ခြင်းကောင်းကြီး၊ ငြိမ်သက်ခြင်းကောင်းကြီးမရှိနိုင်ပါ။ လောကီနိုင်ငံမှာပင် ဥပဒေစိုးမိုးခြင်းမရှိရင် ငြိမ်းချမ်းခြင်း ကြွယ်၀ခြင်း မရှိနိုင်သကဲ့သို့ ဘုရားရဲ့ နိုင်ငံတော်မှာလည်း ဘုရားရဲ့ဥပဒေ စိုးမိုးခြင်းမရှိရင် ကြွယ်၀ခြင်း ငြိမ်းချမ်းခြင်းမရှိနိုင်ဘူး။
ဘုရားသခင်ရဲ့ သေတ္တာတော်က ဘုရားရဲ့ ထောက်ပံ့ခြင်း၊ ဘုရားရဲ တန်ခိုးတော် နှင့် ဘုရားသခင်ရဲ့ ဥပဒေ (စကားတော်) ကို ကိုယ်စားပြုတာဖြစ်လို့ သေတ္တာတော်ကို အစ္စရေးလူမျိုးတွေ မြင်တဲ့အခါ ဝမ်းမြောက်ကြတယ်၊ ဒီသေတ္တာတော်ကို ဆုံးရှုံးတဲ့အခါ သူတို့ ငိုကြွေးကြတာဖြစ်ပါတယ်။
‘ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် တပ်ထဲသို့ ရောက်သောအခါ၊ မြေကြီးအသံ မြည်သည်တိုင်အောင် တပ်သားအပေါင်းတို့သည် ကြွေးကြော်ကြ၏။ ၁ ဓမ္မရာဇဝင် 4:5
ဘုရားသခင်ရဲ့ သေတ္တာတော်ဟာ ဘုရားသခင်ရဲ့ မျက်မှောက်တော်၊ ဘုရားသခင်ရဲ့ အတူပါရှိခြင်းကိုပေါ်လွင်စေတာပါ။
ဘုရားသခင်အတူပါရှိတဲ့ နေရာမှာ ဘုရားရဲ့ ထောက်ပံ့ခြင်း၊ ဘုရားရဲ့တန်ခိုး နှင့် ဘုရားရဲ့ ဥပဒေစိုးမိုးခြင်း တို့ ရှိတဲ့အတွက် ထိုအရာတွေ ရှိခြင်းရဲ့ ရလဒ်က အောင်ပွဲရခြင်းဖြစ်ပါတယ်။