The Ark of God — ဘုရားသခင်၏ သေတ္တာတော်‘ထိုတဲတော်၌ ရွှေလင်ပန်းနှင့် ရွှေဖြင့်မွမ်းမံသော ပဋိညာဉ်တရားသေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နကို ထားသောရွှေအိုး၊ အပွင့်ပွင့်သော အာရုန်၏လှံတံ၊ ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့သည် ရှိကြ၏။ ဟေဗြဲ 9:4ဘုရားသခင်၏ သေတ္တာတော်ထဲမှာ ၁။ မန္နမုန့်ကိုထားတဲ့ မုန့် — Provision of God — ဘုရားသခင်က အစ္စရေးလူမျိုးတွေရဲ့ စားဝတ်နေရေးကို ပြင်ဆင်ပေးခြင်း။ ဘုရားက ယနေ့ ယုံကြည်သူတွေအတွက်လည်း စားဖို့ လိုအပ်သည့်အရာကို ပြင်ဆင်ပေးတဲ့ ဘုရားဖြစ်တယ်။ ယေရှုက တပည့်တော်တွေကို ဆုတောင်းနည်းသင်ပေးတဲ့အခါလည်း အသက်မွေးလောက်သောအစာကို ပေးသနားဖို့ တောင်းခို်င်းတယ်။ အစ္စရေးလူမျိုးတွေအတွက် ဘုရားသခင်၏သေတ္တတော်ကို မြင်တဲ့အခါတိုင်း ဘုရားသခင်၏ ထောက်ပံ့ခြင်းကိုပါ မြင်နိုင်ကြလို့ ဝမ်းသာကြတာဖြစ်တယ်။ ၂။…